The WWF is run at a local level by the following offices...
- WWF Global
- Adria
- Argentina
- Armenia
- AsiaPacific
- Australia
- Austria
- Azerbaijan
- Belgium
- Bhutan
- Bolivia
- Borneo
- Brazil
- Bulgaria
- Cambodia
- Cameroon
- Canada
- Caucasus
- Central African Republic
- Central America
- Central Asia
- Chile
- China
- Colombia
- Croatia
- Democratic Republic of the Congo
- Denmark
- Ecuador
- European Policy Office
- Finland
ကျွန်တော်တို့ WWF-မြန်မာက
သူတို့ကို ကာကွယ်ဖို့
လုပ်ဆောင်နေပါတယ်။
ကမ္ဘာအဝှမ်းက သားငှက်တိရစ္ဆာန်တွေဟာ လျှင်မြန်စွာ လျော့နည်းလာနေပါတယ်။ နှစ် ၄၀ အတွင်း လူတို့ကြောင့် ကမ္ဘာ့သားငှက်တိရစ္ဆာန် ထက်ဝက်လောက် ပျောက်ကွယ်ခဲ့ရပါတယ်။ ကမ္ဘာ့ အထင်ကရ မျိုးစိတ်တချို့ မျိုးသုဉ်းခဲ့ပြီး ကျန်မျိုးစိတ်တွေလည်း ပျက်သုဉ်းရလု ဖြစ်ခဲ့ပါပြီ။ မြန်မာ့ သဘာဝဝန်းကျင်ကတော့ သာယာဝပြောဆဲ ဖြစ်ပေမယ့် သူ့ရဲ့ အနာဂတ်ကလည်း လမ်းဆုံတစ်ခုကို ရောက်နေပါပြီ။
Learn Moreတစ်စက္ကန့်ကြာတိုင်းမှာ ဘောလုံးကွင်း တစ်ကွင်းစာနဲ့ ညီမျှတဲ့ သစ်တောဧရိယာဟာ ကမ္ဘာပေါ်က ပျောက်ကွယ်နေပါတယ်။ ဒီနေရာမှာ လူတွေက သတ္တုတူးတာ၊ လယ်ယာ စိုက်ပျိုးတာနဲ့ အခြေခံအဆောက်အုံ တည်ဆောက်တာတွေ ပြုလုပ်ကြပါတယ်။ မြန်မာဟာ ကမ္ဘာ့ အမြင့်ဆုံး သစ်တောပြုန်းတီးမှုနှုန်း ရှိပေမယ့် အရှေ့တောင်အာရှရဲ့ အကျယ်ပြန့်ဆုံး သစ်တောဖုံးလွှမ်းမှုကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။
Learn Moreကမ္ဘာ့ မြစ်ကြီးများဟာ လူဦးရေ တိုးပွားလာမှုရဲ့ ဖိအားကို ခံနေရပြီး တချို့ဆိုရင် ညစ်ညမ်းမှု၊ သတ္တုတူးဖော်မှု၊ ရာသီဥတုပြောင်းလဲမှု၊ ငါး အလွန်အကျူး ဖမ်းဆီးမှုနဲ့ ဆည်တွေကြောင့် ပျက်ဆီးခဲ့လို့ အကျိုးမပြုနိုင် ကြတော့ပါဘူး။ ကမ္ဘာ့ လွတ်လပ်စွာ စီးဆင်းဆဲ မြစ်ကြီးတွေထဲက တစ်စင်းဖြစ်တဲ့ မြန်မာနိုင်ငံက မြစ်မင်းဧရာဝတီမှာတော့ မျှော်လင့်ချက် ကျန်နေပါသေးတယ်။
Learn Moreလူ သန်းခုနစ်ထောင်အတွက် လောင်စာ၊ အဝတ်အစားနဲ့ ပို့ဆောင်ရေးတွေက ကမ္ဘာအပေါ် သက်ရောက်မှု ကြီးပါတယ်။ လူသုံးကုန်တွေက အမှိုက်တွေ ဖုံးအုပ်စေပြီး စက်မှုလုပ်ငန်း ကာဘွန်ထုတ်လွှတ်မှုက မြင့်တက်နေချိန်၊ အတောမသတ်တဲ့ လျှပ်စစ် လိုအပ်ချက်က ပိုဆိုးပါတယ်။ ပြည်သူ ၃၈% သာ လျှပ်စစ် ရရှိတဲ့ မြန်မာ့ ဖွံ့ဖြိုးရေးကို သန့်စင်တဲ့ စွမ်းအင်နဲ့ မောင်းနှင်ဖို့ အခွင့်အရေး ရှိနေပါတယ်။၊
Learn Moreလူကိုယ်တိုင် (သို့) ဖုန်း/ messaging apps နံပါတ် +959 959516848 (သို့) အီးမေးလ် mm.crm@wwf.org.mm (သို့) WWF ဝက်ဘ်ဆိုဒ် (သို့) ရပ်ရွာရှိ တိုင်ကြားချက် ထည့်ရန် စာတိုက်ပုံး (သို့) အစည်းအဝေးတွေကနေ တဆင့် အကြံပြုတိုင်ကြားနိုင်ပါတယ်။